ခရမ်းချဉ်သီး
04-Apr-2017
ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင်စီက ချက်ပြုတ်လိုက်တဲ့ အပူရှိန်ကြောင့် ပျက်ပြယ်သွားခြင်းမရှိတဲ့ ထူးခြားချက်ရှိပါတယ်။ တွက်ချက်မှုများအရ လူတစ်ဦးကို နေ့စဉ် ခရမ်းချဉ်သီး ၃၀၀ ဂရမ် (ခန့်မှန်းခြေ ၃ လုံး) စားရင် လိုအပ်တဲ့ ဗီတာမင်တွေနဲ့ အင်အော်ဂင်းနစ်ဆား လုံလောက်ပြီလို့သိရပါတယ်။
ခရမ်းချဉ်သီးကို သစ်သီးအဖြစ်စားလို့ရသလို ဟင်းချက်ပြီးလဲစားလို့ရတဲ့ ဆေးကောင်းတစ်မယ်လည်းဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကရရှိတဲ့ ဗီတာမင်စီ ပမာဏဟာ ဇီဝရုပ်ရဲ့ ကင်ဆာကာကွယ်နိုင်စွမ်းရှိပါတယ်။ ကင်ဆာရောဂါသည်တွေရဲ့ ဗီတာမင်စီလိုအပ်ပမာဏဟာ သိသိသာသာ များပြားလာတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါကာကွယ်ရေးအတွက် ဦးစားပေးအစာပဲဖြစ်ပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ ပန်းသီးအက်စစ် နဲ့ သံပရိုအက်စစ်စတဲ့ အော်ဂင်းနစ်အက်စစ်တွေဟာ ခရမ်းချဉ်သီးရဲ့ ဗီတာမင်စီ တွေ အပူနဲ့တွေ့ရင် ပျက်ပြယ်မသွားအောင် အထောက်အကူပြုသည်။ အစာချေအားနည်းသူများနဲ့ အစာချေအက်စစ်နည်းပါးတဲ့သူတွေ ခရမ်းချဉ်သီးသင့်လျောက်သလောက်စားရင် ရောဂါအမြန်ပျောက်သွားပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ တာတာရစ် အက်စစ် (Tartaric acid) က သွေးတွင်းကိုလက်စထရောကိုလျှော့ချပေးပါတယ်။
ဆေးဝါးသုတေတန တွေ့ရှိချက်အရ ခရမ်းချဉ်သီးသတ္တုရည်က သွေးတိုးနှုန်းကိုကျစေပြီး ဆီးဖောဖောသီသီသွားတဲ့ အတွက် ဖောရောင်ခြင်းကို လျှော့နည်းစေတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ် ရောဂါ ရှိ သူများအတွက် ကုသမှု အကူအဖြစ် သုံးလို့ရပါတယ်။
တရုတ်တိုင််းရင်းဆေးပညာအရ ခရမ်းချဉ်သီးက အရသာချဉ်ချို၊ ခံတွင်းစိုစေပြီး ရေငတ်ပြေစေပါတယ်။ ပူအိုက်တဲ့ နွေရာသီမှာ ခရမ်းချဉ်သီးရည်နဲ့ သကြားရောမွှေပြီးတေ့သောက်သောက််၊ ခရမ်းချဉ်သီးဟင်းချိုပဲ သောက်သောက် နွေအပူဒဏ်ကိုပြယ်စေပြီး၊ ခံတွင်းမြိန်စေတဲ့ အပြင် အစာကြေစေပါတယ်။ အရေပြားနဲ့ အာရုံကြောများလန်းဆန်းကျန်းမာဖို့ အရေးကြီးတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။
Credit မောင်မောင်လှိုင် (အပ်စိုက်ကု)
လူကြီးလူလတ်များအတွက် ကျန်းမာအသက်ရှည်စေမယ့် အစာများ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
